Thursday, November 10, 2011

ဒုတိယမြန်မာနိုင်ငံတော်၏နိဒါန်း

မင်းတရားရွှေထီး၏ နန်းတော်တွင် ခစားထမ်းရွက်နေသော အမတ်များက ဘုရင့်နောင်ကို ညီတော်အား လုံခြုံစွာထားကာ အရှင်ကိုယ်တိုင် ရွှေနန်းတက်တော်မူပါဟု တောင်းပန်ကြသည်။
“ထိုစကားကို ငါတစ်ယောက်သာကြားပါစေ။ တခြားသူများ မကြားပါစေနှင့်။ ကျေးဇူးသစ္စာမစောင့်သောသူသည် အသက်စည်းစိမ် မတည်မြဲတက်။ သားစဉ်မြေးဆက် မကောင်းစားတက်။ ငါသည်ဘ၀ရှင်ကို နောက်ထပ်ဖြောင်ဖြလျှောက်ထားပါဦးမည်။ ဘ၀ရှင်က ငါ၏လျှောက်ထားချက်ကို လိုက်နာတော်မမူလျှင်လည်း ငါတို့အားလုံးသည် ညီညီညာညာဖြင့် နိုင်ငံတော်အကျိုးသယ်ပိုးကြမည်။ သင်တို့သည် စားမြဲကျေးရွာများနှင့် ငြိမ်ဝပ်စွာနေကြပါ။ သင်တို့အကျိုးမထိပါးအောင် ငါစောင်ရှောက်မည်။ ငါတို့အားလုံးညီညာပါက မကောင်းသောအမှု မဖြစ်ပွားတန်ရာ” ဟုဘုရင့်နောင်ကဆိုလေသည်။

(ဒေါက်တာမတင်းဝင်း မင်းဆယ်ပါးရာဇ၀င်)

No comments:

Post a Comment