Friday, December 9, 2011
Thursday, December 8, 2011
ရယ်မောခြင်းသည် မျက်နှာကြောလျော့စေသည်
မန်နေဂျာအလုပ်ကိုရောက်လာတာနဲ့ စာရေးကြီးမိန်းမက မိန်းမ၀တ်အတွင်းခံတစ်ထည်ကိုင်ပြီး ၀င်လာတယ်။ ပြီးတော့ မန်နေဂျာကို ညကကျွန်မယောကျာင်္း ပြန်လာတော့ မိန်းမ၀တ်အတွင်းခံတစ်ထည်ဝတ်ပြန်လာတယ်။ အဲဒါသူ့ကို နည်းနည်းပါးပါးဆုံးမပေးပါဦး လို့တိုင်တယ်။ မန်နေဂျာကလဲ ဆုံးမပေးမယ်လို့ဆိုပြီး သက်သေခံပစ္စည်း အတွင်းခံကိုယူပြီး အိပ်ကပ်ထဲထိုးထည့်လိုက်တယ်။
ညရောက်တော့ မန်နေဂျာမိန်းမက အ၀တ်လျှော်ရင်း အိပ်ကပ်ထဲကအတွင်းခံကိုတွေ့တော့ လှမ်းအော်တယ်။ မောင်နောက်ဆို ဒီလိုမလုပ်ရဘူးနော်…မရဲ့အတွင်းခံကို ဒီလိုဖွတ်မထားရဘူး…။
နိုင်းနိုင်းစနေ ဘာသာပြန်သည်
သက်ဆိုင်သူ…(သို့)
ကောင်မလေးရေ…
ပတ်ဝန်းကျင်ဆိုတဲ့ လောကပရိတ်သတ်ကြောင့်
မထင်မှတ်ပဲဖြစ်ခဲ့တဲ့ ခါးသတ်မှုတွေကို
မင်းကို ချစ်တာသိတဲ့ ငါ့သူငယ်ချင်းတွေရဲ့
မြှောက်ပင့်အော်ဟစ်သံတွေ
မင်းလေးတစ်ယောက်နားလည်နိုင်ပါစေ…။
ညစဉ်ညတိုင်းလမသာနိုင်သလို
ဆန္ဒရှိတိုင်းရှိတိုင်း ဖြစ်ခွင့်မရတာ
လောကရဲ့သဘာသဆိုတာ မင်းသိမှာပါ။
(မျှော်လင့်ချက်တစ်ခုအတွက်နဲ့
ဆုံတွေ့ခဲ့တဲ့အချိန်တိုလေးကိုလည်း ငါဘယ်တော့မှမေ့မရပါ…)
အဲဒီအချိန်မှာ ငါမင်းအတွက်နဲ့ရင်ခုန်ခဲ့တယ်
ဒါတွေကို ငါ့ကိုယ်စောင့်နတ်ကလွဲလို့ ဘယ်သူမှမသိခဲ့…။
ငါစကားတွေအများကြီးပြောခဲ့ပါတယ် ငါပြောတဲ့စကားတွေကို
အားမာန်တွေအပြည့်ထုတ်ပေမယ့် ပြောမထွက်ခဲ့ဘူး
မင်းဘာဖြစ်လို့ပြန်မပြောခဲ့တာလည်း
မင်းဘာဖြစ်လို့ရှောင်လွှဲနေခဲ့တာလည်း
မင်းမပြောပဲကြားတဲ့ စကားတွေကို ငါနားထောင်ရင်း ဖြေသိမ့်ခဲ့ရတယ်
အပြုံးတစ်ချက်နဲ့ အဆုံးသတ်မှာ ထွက်သွားတဲ့မင်းကိုကြည့်ရင်း
မင်းကျောပြင်နောက်မှာ
ငါတစ်ယောက်ထဲကျန်ခဲ့တာမင်းသိနိုင်မလား...?
Monday, December 5, 2011
Subscribe to:
Posts (Atom)